(TH) ဘန်ကောက်ရဲ့..#BTS, #MRT, #AirPortCity..Transportation အကြောင်း‼️

🇹🇭🚝 ဘန်ကောက်ရဲ့..#BTS, #MRT, #AirPortCity..Transportation အကြောင်း‼️

✍️ ဒီတစ်ခါ မျှဝေပေးခြင်းတဲ့ အကြောင်းအရာလေးကတော့ - 
'' ဆပ်ထာနီး သော်ပိုင် '' ဆိုတဲ့ သံစဉ်လေးနဲ့အတူ.. Bangkok ရောက်တဲ့အခါ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ နာမည်ကြီးတဲ့ BTS, MRT..Etc အကြောင်းလေးတွေ ဖြစ်ပါတယ်။ (မသိသေးသူများအတွက်ပါ)

📌 BTS - Bangkok Mass Transit System (BTS Sukhumvit Line & Silom Line)
📌 MRT - Metropolitan Rapid Transit (MRT Purple Line & Blue Line)
📌 Airport City Line (Suvarnabhumi Airport)
📌 SRT - State Railway of Thailand (SRT Light Red & Dark Red Line)
📌 BRT - Bus Rapid Transit System (Sathon to Ratchapruek)
📌 APM GoldLine - (Khlong San~ Charoen Nakhon(ICONSIAM)~ Krung Thon Buri)

🚝 BTS - Sky Train မိုးပျံ (Sukhumvit Line နဲ့ Silom Line နှစ်ခုရှိ)
▪️▪️▪️▪️▪️▪️▪️
ဘန်ကောက်ရောက်ဖူးသူတိုင်း ရင်းနှီးကြားဖူးတဲ့ အသုံးအနှုန်းပါ။ ဒါမဲ့ တစ်ကြိမ်တစ်ခါမှ မစီးဖူးသူ၊ ခုမှ first time စပြီးစီးမယ့်သူအတွက်ကတော့ အံ့သြဖွယ်ရာဖြစ်နေမှာပါ။(စာရေးသူတုန်းကတော့ Bkk ကိုပထမဆုံး စရောက်ဖူးတာဆိုတော့ တောသားမြို့ရောက်ပေါ့ ..ဟိး)😁 ။ BTS, MRT တွေ စီးတဲ့အခါ ကိုယ်သွားရောက်ချင်တဲ့ Station ကို မမှားဖို့ရာ #တစ်ခုတည်းသောနည်းလမ်းကတော့ ဂိတ်စ၊ ဂိတ်ဆုံး နေရာကို အကြမ်းဖျဉ်း သိထားဖို့လိုအပ်ပါတယ်။ 👌

✍️ အဲ့ဒါမှ ကိုယ်ဆင်းမယ့် Station က နံပါတ်ဘယ်လောက်.. Platform နံပါတ်၊ ဘယ်ဘက် စီးရမှာလား၊ ညာဘက် စီးရမှာလားဆိုတာကို သိနိုင်ပါတယ်။ ဘူတာအပေါ်ထပ် ဆိုင်းဘုတ်တွေမှာလည်း Eng လို station အစ >> အဆုံးကို ရေးသားဖော်ပြထားလေးရှိပါတယ်။ ဒါတောင်မှ ကိုယ်က သိပ်နားမလည်သေးရင်တော့ လက်မှတ်ဝယ်ယူတဲ့နေရာမှာကတည်းက ကြိုတင်မေးမြန်းနိုင်သလို၊ ဘေးနားအနီးနားဝန်းကျင်က ဝန်ထမ်းနဲ့ ရထားစောင့်နေတဲ့ ခရီးသည်အချင်းချင်းလည်း အကြမ်းဖျဉ်း မေးမြန်းလို့ သိနိုင်ပါမယ်။

‼️ BTS , MRT တို့ စီးနင်းတဲ့အခါ တစ်ခုသတိထားရမှာက -
✍️ ရထားဆိုက်ရောက်လာချိန် ရထားပေါ် ဝင်ရောက်တဲ့အခါ သက်ဆိုင်ရာ BTS ရဲ့ " တီ..တီ..တီ" ဆိုတဲ့ Alarm.! အသံမမြည်ခင်မှာ အချိန်မှီ ဝင်ရောက်သင့်ပါတယ်။ တကယ်လို့ ရထားအပေါက်ဝထဲ ဝင်ရောက်မယ့်အချိန် Alarm အသံမြည်ချိန်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆိုရင်တော့ အလျဉ်စလို ပြေးတက်ခြင်း၊ ဝင်ရောက်ခြင်းမျိုး မပြုသင့်ဘဲ .. နောက်တစ်စီး ထပ်မံ အလာကိုသာ စောင့်ဆိုင်းသင့်ပါတယ်။ BTS, MRT တွေက ၃-၄ မိနစ်ခြား တစ်စီးဆိုသလို မပြတ်ဆိုက်ရောက်နေတာမို့ ..save ဖြစ်အောင်ပဲ စောင့်ဆိုင်းပြီး စီးနင်းဖို့ အကြံပြုချင်ပါတယ်။‼️

🚝 Sukhumvit Line (အစိမ်းရောင်- အရှည်ဆုံးလမ်း ဖြစ်ပါတယ်)
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (47) ခုထိရှိပြီး၊ ဒွန်းမောင်းလေဆိပ်အကျော် 📍#Khu_Khot Station..ကစပြီး ⏩ ထိုင်းရဲ့ ပင်လယ်ဝနားက Samut Prakan ခရိုင် #Kheha Station အထိ ဂိတ်ဆုံးလမ်းကြောင်းဖြစ်ပါတယ်။ နာမည်ကြီး အနုစာဝရီ(တီ)တို့၊ Asok လမ်းဆုံ၊ Sukhumvit..၊ On Nut, Bang Na ..တို့ကို ဖြတ်သန်းသွားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ 

✍️ ကိုယ်သွားရောက်ချင်တဲ့ ဘူတာတွေကို ထိုင်းအခေါ်အဝေါ်ပေမဲ့ Eng လိုရေးပေးထားတာမို့ မစီးခင်ကတည်းက အကြမ်းဖျဉ်း google map နဲ့ တွဲဖက်ပြီး သက်ဆိုင်ရာ BTS Route လမ်းကြောင်းလေးကို ကြိုကြည့်ထားရင်တော့ မှားယွင်းစရာအကြောင်း မရှိတော့ပါဘူး။ 

လမ်းတစ်လျှောက်မှာတော့ Interchange ပြုလုပ်စီးနင်းလိုသူများအတွက် သက်ဆိုင်ရာနေရာ ရောက်တိုင်း BTS စပီကာမှ ထုတ်ပြန်ပြောလေ့ရှိပါတယ်။ Station တစ်ခုမရောက်ခင်နဲ့ ဘူတာက စထွက်ချိန်တိုင်းမှာလည်း အမြဲကြေညာပေးလေ့ရှိပြီး၊ ဘေးတန်းလေးတွေအပေါ်မှာ လတ်တလောသွားနေတဲ့ Station Sign လေးတွေပါ ပြပေးနေတာမို့ ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

🚝 Silom Line (စိမ်းပုတ်ရောင်- ဘန်ဝ~ဘန်ဘောအနီးသို့ မြို့တွင်းလိုင်း)
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (13)ခုရှိပြီး၊ 📍#Bang_Wa Station မှ စပြီး ⏩ မြို့တွင်း Downtown နာမည်ကြီး Siam Square တို့ဘက် National Stadium မှာ ဂိတ်ဆုံးပါတယ်။ မြို့ထဲက စီးမယ်ဆို Siam Square ကနေ.. Lumphini Park တို့၊နာမည်ကြီး Kingpower Maharnakhon တို့၊ Iconsiam ကျောက်ဖယားမြစ်တို့ကို ဖြတ်သန်းသွားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ 

အခု BTS လမ်းကြောင်းကနေ Iconsiam ကို သွားမယ်ဆို >> 📌Krung Thonburi_Station(7) မှာ ဆင်းပြီး၊ Interchange ရထားပြောင်းလို့ ⏩ APM Gold Line ရထားတွဲတိုလေးကို တစ်ဘူတာ ထပ်စီးပြီး Charoen Nakhon ဘူတာမှာ ဆင်းလိုက်ရုံဖြင့် #Iconsiam_Shopping_Mall တည့်တည့် ဘူတာ ရောက်ရှိသွားမှာဖြစ်ပါတယ်။

🚝 Airport City Line - Suvarnabhumi လေဆိပ် ✈️✈️
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (၈) ခုရှိပြီး၊ မြို့တွင်း 📍#Phaya_Thai Station ကနေ ⏩ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး #သုဝဏဘူမိလေဆိပ်သို့ တိုက်ရိုက်ချိတ်ဆက်ပြေးဆွဲနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ BKK ကို လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွားတွေအတွက် လေဆိပ်ကနေ မြို့တွင်းကို ရထားစီးရုံနဲ့ တန်းရောက်နိုင်တာမို့ အရမ်းအဆင်ပြေစေတဲ့ လမ်းကြောင်းဆိုလည်း မမှားပါဘူး။

လေဆိပ်ကနေ စစီးလာမယ်ဆိုရင်တော့ Terminal Guide ဆိုတဲ့ ဆိုင်းဘုတ်ကို ကြည့်ပြီး 4 >> 3 >> 2 >> 1 >> B ဆိုတဲ့ Airport Link အောက်ဆုံးထပ် BFL-Basement ထိဆင်းလာပြီး၊ သက်ဆိုင်ရာ လမ်းညွှန်ဆိုင်းဘုတ်လေးတွေကြည့်ပြီး လက်မှတ်ဖြတ်၊ Phaya Thai (ဖရာထိုင်း) ဂိတ်ဆုံးအထိ စီးလာခဲ့မယ်ဆိုရင် မြို့တွင်း ပတူနန် (Pratunam) ၊ Ratchathewi တို့ဘက်ရောက်ပြီး Platinum Shopping Mall ဘက်ကို ၁၅ မိနစ် ကျော်လောက် လမ်းလျှောက်ရုံနဲ့ ရောက်ရှိပါမယ်။

ဖရာထိုင်းမရောက်ခင် တစ်ဘူတာအလို #Ratchaprarop_Station မှာ ဆင်းမယ်ဆိုပါကလည်း Indra Square ၊ ပတူနန်ဈေးနေရာသို့ ခဏလမ်းလျှောက်ရုံနဲ့ ရောက်ပါပြီ..။

🚝 MRT - Blue Line (မြို့ပတ်သဘော မြေအောက်ရထားလိုင်း)
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (53) ခုရှိပြီး၊ ⏩ မြို့တွင်းပတ် မြေအောက်ရထားလိုင်းဆိုတဲ့အတိုင်း .. နာမည်ကြီး မြို့ထဲနေရာအတော်များများကို ဖြတ်သန်းသွားတဲ့ လမ်းကြောင်းပါ။ BKK ရဲ့ နာမည်ကြီး Chatuchak ညဈေးတို့၊ Silom ၊ China Town .. စသဖြင့် မြို့တွင်းပတ်ပြီး ဘန်ဝ၊ ဘန်ခဲ တို့ကို ဖြတ်သန်း Lak Song Station မှာ ဂိတ်ဆုံးပါတယ်။ 

🚝 MRT - Purple Line
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (16) ခုရှိပြီး 📍 Chatuchak ပန်းခြံအနီး Tao Poon ဘူတာကနေ ⏩ Bankhunalai ခရိုင်ရှိ Khlong Bang Phai ဘူတာထိ ပြေးဆွဲနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ 

🚝 SRT Dark Red Line ✈️✈️
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (10) ခုရှိပြီး 📍 Bang Sue ဘူတာကနေ ⏩ Lak si , ဒွန်မောင်း လေဆိပ်ရှေ့တည့်တည့်တို့ကို ဖြတ်သန်းပြီး Rangsit ထိ ဂိတ်ဆုံးပြေးဆွဲနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

✍️ ဒွန်းမောင်းလေဆိပ်ကနေ လာမည့် ခရီးသွားများအတွက် Don Mueang ဘူတာကနေ ဘန်ဆူးအထိသာ SRT စီးနင်းလို့ရမှာပါ။ မြို့တွင်း ပလက်တီနန်မောလ်တို့၊ Central World တို့ဘက် လာမယ်ဆိုရင်တော့ Bus ကား #A3_Aircon Bus ကိုစီးနင်းပြီး မြို့တွင် ပတူနန်း (Indra Square) မှတ်တိုင်မှာ ဆင်းရင် မြို့ထဲ Downtown ရောက်ပါပြီ။ ဒွန်မောင်းလေဆိပ်ကနေ မြို့ထဲလာရောက်ဖို့အတွက် စရိတ်သက်သာစေတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

🚝 SRT Light Red Line 
▪️▪️▪️▪️▪️▪️▪️
✍️ Station ပေါင်း (4) ခုရှိပြီး 📍 Bang Sue ဘူတာကနေ ⏩ Taling Chan ဘူတာအထိ ပြေးဆွဲတဲ့ SRT လမ်းကြောင်း ဖြစ်ပါတယ်။

🚝 APM Gold Line
▪️▪️▪️▪️▪️▪️▪️
✍️ Station (၃) ခုသာရှိတဲ့ လမ်းကြောင်းတိုလေးဖြစ်ပါတယ်။ 
⏩ Khlong San~ Charoen Nakhon(ICONSIAM) ~ Krung Thon Buri) ပြေးဆွဲတဲ့ လမ်းကြောင်းပါ။ ဒီလိုင်းကတော့ Iconsiam Shopping Mall သွားရောက်ချင်သူများအတွက် အဆင်ပြေစေအောင် ထပ်မံပြေးဆွဲပေးထားတဲ့ လမ်းကြောင်းတစ်ခုဆိုလည်း မမှားပါဘူး။

မြို့ထဲ Siam တို့ဘက်ကနေ သွားမယ်ဆို Bang Wa ဘက် BTS ကို စီးပြီး 📌 Krung Thonburi ဘူတာမှာ ဆင်းပြီး အခု #APM_Gold_Line ကို Interchange ပြောင်းစီး ၂ ဘူတာမြောက် #Charoen Nakhon ဘူတာမှာ ဆင်းလိုက်ရုံဖြင့် Iconsiam Shopping Mall ရှေ့တည့်တည့် ရောက်ရှိသွားမှာဖြစ်ပါတယ်။

🚝 BRT Bangkok 
▪️▪️▪️▪️▪️▪️▪️
✍️ ဒီလမ်းကြောင်းကတော့ ရထားဆိုတာထက် Bus သီးသန့်လမ်းကြောင်းတစ်ခုသာဖြစ်ပါတယ်။ မြို့ထဲ Si Lom အနီးနား 📍 Sathon ကနေ Ratchpruek ထိ ပြေးဆွဲတဲ့ ဘတ်စ်ကားသီးသန့်လမ်းကြောင်းပါ။ 

Bus မှတ်တိုင် (၁၂)ခုထိ ရှိပါတယ်။ ကားလမ်းရဲ့ ဘေးတစ်ချက်အစွန်မှာ ဘလောက်တုံး အစိမ်း-အဖြူ ဖြင့် လမ်းကြောင်း သီးသန့်ပြုလုပ်ပေးထားပြီး ဘန်ကောက်မြို့တွင်းရဲ့ အလှကို ကြည့်ရှုရင်း Traffic စောင့်ဆိုင်းစရာမလိုပဲ သွားလာပြေးဆွဲနေတဲ့ ခရီးသွားတွေ စီးနင်းကြည့်သင့်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ Bus ကား စောင့်ဆိုင်းကြာချိန်ကတော့ (၅-၁၀) မိနစ်ကြား တစ်စီး ထွက်ခွာပြေးဆွဲနေတယ်လို့ သိရပါတယ်။

📱 မိမိရဲ့ဖုန်းမှာ သက်ဆိုင်ရာ App.. BTS Sky Train, ViaBus, Bankok MRT BTS ARL .. စသဖြင့် ထည့်သွင်းထားပြီးလည်း အသုံးပြုမယ်ဆို ပိုမိုလွယ်ကူသဘောပေါက် အဆင်ပြေစွာ သွားလာနိုင်မှာဖြစ်ပါတယ်။ ▪️▪️▪️🚄

✍️ ဘန်ကောက် DownTown တစ်ခွင် ကိုယ်တိုင်သွားလာတတ်ပြီး လိုရာခရီးကိုစရိတ်သက်သာစွာနဲ့ လည်ပတ်နိုင်ကြပါစေ... 🚝🚌🇹🇭😍 
Photo - Credit , Wiki

📱 Hotline :: 06 28956799 🇹🇭📞
(+66628956799 - Viber)

(ယေဘူယျအနေဖြင့်သာ - ရေးသားဖော်ပြထားခြင်းဖြစ်၍ တချို့လိုအပ်ချက်များရှိခဲ့ပါက ဖြည့်စွက်ဖတ်ရှုပေးပါရန်။ လွတ်လပ်စွာ share မျှဝေနိုင်ပြီး..အချိန်ပေးရေးသားထားရသောကြောင့် တစ်ဆင့် ကူးယူဖော်ပြပါက Credit- ပေးပါရန်) ✍️

📌BTS, MRT, ViaBus.. app ဒေါင်းလုတ်ပြုလုပ်ရန် links..
=========
=========
=========
=========
=========
#SSH
#ဘန်ကောက်အလည်အပတ် #BTS #MRT #SRT
#Thailand #bangkok #guide #bkkguide #btstrain #travel #visit #relax

Đăng nhận xét

Mới hơn Cũ hơn